Dhamma Audiobooks Project

ဗုဒ္ဓမြတ်စွာ၏ သာသနာတော်မြတ်ကြီး ပိုမိုတိုးတက် ပြန့်ပွါးစေရန် ရည်သန်လျက် တရားဓမ္မ စာအုပ်များနှင့် အနာဂါတ်မျိုးဆက်သစ်တို့အတွက် အသိအလိမ္မာ တိုးစေမည့် ပုံပြင်များ၊ ဇာတ်နိပါတ်တော်များအား Audio Books များအဖြစ် ပြောင်းလဲ၍ အဘိဓမ္မာ Website ကြီးတွင်လည်းကောင်း ၊ အခြားသော ဓမ္မ Website များနှင့် မြန်မာပြည်တို့တွင် MP3 Format များဖြင့် လှူဒါန်း ပူဇော်နိုင်ရန်အတွက် Dhamma Audio Books Project မှ အသံအလှူရှင် စေတနာရှင်များ အများအပြား လိုအပ်လျက်ရှိပါသည် ။

သို့ဖြစ်ပါ၍ မိမိတို့၏ အဖိုးတန်ရှားပါးလှသော အားလပ်ချိန်လေးများထဲမှ မြတ်စွာဘုရားရှင်၏ သာသနာတော်အတွက် အသံပေးလှူလိုသော စေတနာရှင်များသည် ဤလျှောက်လွှာစာရွက် တွင်ပါရှိသော အချက်အလက်များကို ဖြည့်စွက်၍ ပေးပို့နိုင်ကြပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည် ။ Audiobooks အဖြစ် ပြောင်းလဲပြီးသော စာအုပ်များကို အောက်ဖော်ပါ Links များတွင် နားဆင်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည် ။

စဉ်။ စာအုပ်အမည် စာရေးသူ အမည် အသံအလှူရှင်
၁။ ပကိဏ္ဏက နမက္ကာရ အစိန္တေယျကြီး ရွှေတောင်မြို့ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး စေတနာရှင်
၂။ ဓမ္မပဒ အဆုံးအမများ ဦးခင်မောင်ကြီ ( ရန်ကုန်တက္ကသိုလ်) စေတနာရှင်
၃။ လောကနီတိ ဆရာတက်တိုး မနှင်းပွင့်ဟန်
၎။ ဗုဒ္ဓသာသနာပြု ပုဂ္ဂိုလ်ကျော် အနာဂါရိက ရွှေဘိုမိမိကြီး မသန်းလဲ့ခိုင်
၅။ ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓဝင် ဆရာကြီး ဦးရွှေအောင် စေတနာရှင်
၆။
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်
ဆည်းကပ်လာသူ တစ်ယောက် အကြောင်း
ဆရာဆန်းလွင် မအေးမင်းလတ် ၊ မဌေးဌေးလှိုင် ၊ မသန်းလဲ့ခိုင်
၇။ ရွာအ၀င်လမ်း (ရန်ကင်းအေးငြိမ်းရိပ်သာ) ယောဂီများ မအေးမင်းလတ် ၊ မဌေးဌေးလှိုင် ၊ မသန်းလဲ့ခိုင် ၊ မ၀ါဝါလွင် ၊ မောင်မြတ်ကျော်လွင်
၈။ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း သံဃာတော်အရှင်မြတ်များနှင့် လူပုဂ္ဂိုလ်များ စေတနာရှင်များ
၉။ ၀ိသုဒ္ဓိနှင့်ဉာဏ်စဉ် တရားတော်မှ အကျဉ်းဆောင်ပုဒ်များ မဟာစည် ဆရာတော်ဘုရားကြီး စေတနာရှင်
၁၀။ မဟာစည်ဆရာတော်ဘုရားကြီး ပြောပြသော အရိယာတို့သဘော သာမဏေကျော် စုစည်း တင်ပြသည် စေတနာရှင်
၁၁။ အနှိုင်းမဲ့အဖော် အရှင်ဆန္ဒာဓိက မကေခိုင်ကျော်
၁၂။ ကုသိုလ်ဖြစ်အောင် တွေးမယ် ရဝေနွယ် (အင်းမ) မမိုးခါး
၁၃။ မေတ္တာအတွေးများ ရဝေနွယ် (အင်းမ) မမိုးခါး
၁၄။ မိဘကျေးဇူး အကျေဆပ်နည်း အရှင်ဆန္ဒာဓိက မနှင်းဝေအောင်
၁၅။ Anattalakkhana Sutta Venerable MAHASI SAYADAW ဦးသရဏ (Bhante Sarana)
၁၆။ အေဒီနှစ်ထောင်ပလပ်စ် ရန်ကုန် ဓမ္မဂင်္ဂါ မနှင်းဝေအောင်