iPhone အတွက် Abhidhamma App

Abhidhamma iPhone appView In iTunes >>

အဘိဓမ္မာတရားတော်များကို လေ့လာလိုက်စားသင်ယူလိုသူများ အထောက်အကူဖြစ်စေရန် အဘိဓမ္မာအသင်းကြီး(စင်္ကာပူ) နှင့်ပူးပေါင်း၍ Sundew Myanmar မှ မေတ္တာဖြင့် အခမဲ့အသုံးပြုနိုင်သော Abhidhamma App version 2.0 ကို iPhone, iPad, and iPod touch များအသုံးပြုသူများ အတွက် ထပ်မံထုတ်လုပ်လိုက်ပါသည်။ ယခု App ကို အသုံးပြုရန်အတွက် iOS 7.0 နှင့် အထက်လိုအပ်ပါသည်။ Size မှာ 36.5 MB ဖြစ်ပြီး ဗားရှင်း 2.0 တွင် အောက်ပါတရားတော်များ ပါဝင်ပါသည်။
အဘိဓမ္မာပါဋ္ဌိတော် (၇) ကျမ်း
အဘိဓမ္မတ္ထသင်္ဂဟကျမ်း
အခြေပြုသင်္ဂြိုဟ် (နိဿယ)
လယ်တီပရမတ္ထသံခိပ်ကျမ်း
သင်္ဂြိုဟ်ရှင်းတမ်း (အမေးအဖြေ)
ပဋ္ဌာန်းဝတ်ရွတ်စဉ် စာအုပ်
အဘိဓမ္မာ မေးခွန်းဟောင်းများ
သင်္ဂြိုဟ်ကိုးပိုင်းမှတ်စုများ
A Manual of Abhidhamma (Narada Maha Thera)
Abhidhamma in Daily Life (Ashin Janakabhivamsa)

Abhidhamma App version 1.0 ကို 24 May 2013 ( Vasak Day ) တွင် ထုတ်လုပ်ခဲ့ပြီး ယခုဗားရှင်း 2.0 တွင် ကျမ်းစာအုပ်များထပ်မံဖြည့်သွင်းထားပါသည်။ နောက်ဗားရှင်းများတွင် လိုအပ်သည်များကို ထပ်မံဖြည့်သွင်းသွားမည်ဖြစ်၍ အကြံပြုချက်များ ပေးပို့လိုပါက abhidhammafoundation.sg@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ကြပါသည်။

iOS အတွက် Abhidhamma App ကို မေတ္တာဖြင့်ရေးပေးသော Sundew Myanmar ကုမ္ပဏီ ၊ ကူညီပံ့ပိုးပေးသူ မဝါဝါခင် နှင့် စာစီစာရိုက်နှင့် စာလုံးပေါင်းသတ်ပုံများကို အထပ်ထပ်အခါခါ စစ်ဆေးပေးသော ကိုဇာနည်မောင်နှင့် မိတ်ဆွေများအား အဘိဓမ္မာအသင်းကြီး(စင်္ကာပူ) မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

App Home
Page 1
Page 2

အဘိဓမ္မာတရားတော်များကို လွယ်ကူချမ်းမြေ့စွာ ကြိုးစားအားထုတ် သင်ယူနိုင်ကြပါစေ…
လူတိုင်းအတွက်
အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)
http://abhidhammafoundation.org/
http://www.sundewmyanmar.com/